ဂျပန်ဟင်းလျာချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြား
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန် စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Center for Tourism Development (CTD) ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် အွန်လိုင်းမှ တစ်ဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းဒါရိုက်တာ Mr. Chairat Liengkajornkiet တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၆၀) ဦး တက် ရောက်ခဲ့ကြပါသည်။ အဆိုပါ ဂျပန်ဟင်းလျာချက်ပြုတ်နည်းသင်တန်းအား ရက်သတ္တ(၄)ပတ် ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Myanmar Ambassador to Japan attends the opening ceremony of the Japanese Culinary Training Course and delivers opening remarks
U Soe Han, Myanmar Ambassador to Japan, attended the opening ceremony of the Japanese Culinary Training Course, organized in collaboration with the Ministry of Hotels and Tourism (MOHT), Myanmar Embassy in Tokyo and ASEAN-Japan Centre (AJC). The event was held on the morning of 23 December, 2024, at the Center for Tourism Development (CTD) in Yangon, where the Ambassador delivered the opening remarks via an online platform.
At the opening ceremony, Dr. Thet Thet Khine, Union Minister for the Ministry of Hotels and Tourism, delivered the opening remarks, followed by remarks from Ambassador U Soe Han and Mr. Chairat Liengkajornkiet, Director of Programme Operations from the ASEAN-Japan Centre.
The event was attended by 60 people, including officials from the Ministry of Hotels and Tourism and the trainees. It is learnt that the training course will be conducted for four weeks.
ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြားစဉ်

