ပြည်တွင်းတွင် ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုခြင်း

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက်ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေး ပိုမို ရရှိစေရန် အလို့ဌာ နိုင်ငံခြားကုမ္ပဏီများအား အောက်ပါ ကုန်ပစ္စည်းအုပ်စု ၈ မျိုးကို ကိုယ်တိုင် ထုတ်လုပ်၍ ဖြစ်စေ၊ ထုတ်လုပ်သူများထံမှ တစ်ဆင့် ဝယ်ယူ၍ဖြစ်စေ ပြည်ပသို့ တင်ပို့ခွင့်ပြုခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၇-၁၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၉၃/၂၀၂၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်-

စဉ် ကုန်ပစ္စည်းအုပ်စု မှတ်ချက်
(က) တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထား သည့်အသား၊ငါးနှင့်ရေထွက်ကုန်များ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်။
(ခ) တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထား သည့် ကောက်ပဲသီးနှံများ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ တင်ပို့မည်ဆိုပါက အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်အပါအဝင် သက်ဆိုင်ရာ ဌာနများ၏ သတ်မှတ်ချက်များနှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက် ရယူရမည်။
ဆန်၊ဆန်ကွဲတင်ပို့မည်ဆိုပါက အောက်ပါအထောက် အထားများနှင့်အတူ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် လိုင်စင်ခွင့်ပြုချက် ရယူရမည်-

– ပြည်ပမှ ပြည်တွင်းဘဏ်တစ်ခုခုသို့ ကနဦးရင်းနှီး မြှုပ်နှံမှုထည့်ဝင်ငွေ အနည်းဆုံး ဒေါ်လာ ၃ သန်း လွှဲပြောင်းပြီးကြောင်း အထောက်အထား

– လုံလောက်သောသိုလှောင်ရုံရှိကြောင်း အထောက် အထား

– မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဖြစ် ကြောင်း အထောက်အထား

(ဂ) ပျော့ဖတ်နှင့်စက္ကူအမျိုးမျိုး သက်ဆိုင်ရာ ဌာနများ၏ သတ်မှတ်လုပ်ထုံး လုပ် နည်းများနှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် လိုင်စင်ခွင့်ပြုချက် ရယူရမည်။
(ဃ) မျိုးစေ့ မျိုးစေ့ဥပဒေ၊ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်။
(င) သန့်စင်ထားသည့် သတ္တုရိုင်းများ မြန်မာ့သတ္တုတွင်းဥပဒေအရ သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ ဓာတ်သတ္တုရောင်းချခြင်းနှင့် ဝယ်ယူခြင်း ခွင့်ပြုမိန့်နှင့် သတ္တုတွင်းဦးစီးဌာန၏ ထောက်ခံချက် တို့ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက် ရယူရမည်။
(စ) သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက်ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများ အမျိုးသား အစားအသောက်ဥပဒေနှင့် သက်ဆိုင်ရာ ဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် လိုင်စင်ခွင့်ပြုချက် ရယူရမည်။
(ဆ) သစ်အခြေခံ ပရိဘောဂပစ္စည်းများ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့၏ ထောက်ခံချက်များဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်။
(ဇ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူပြုကုန်စည်များ စပါးခွံနှင့်လွှစာမှုန့် စသည့် ဘေးထွက်ပစ္စည်းများ ဖြင့် ပြုလုပ်ထားသည့် လောင်စာတောင့်များကဲ့သို့ သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက် အကူပြု ကုန်စည်များ တင်ပို့လျှင် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်။